စိတ်အနာ
"လူတယောက်အတွက်အောင်မြင်မှူ ရဖို့ ဘာကြောင့် ခက်ခဲရတာလဲ?"
မိဘဆွေမျိုး အသိုင်းအဝိုင်းက မြှောက်စားလို့သာ ဝင့်ကြွားနိုင်သူတွေကို လူတချို့က ဘာကြောင့် သိသိကြီးနဲ့
အထင်ကြီးကြတာလဲ?။ ငါ့ရင်ထဲမှာရခဲ့တဲ့ စိတ်အနာတွေက ဘယ်တော့ ကျက်မှာလဲ ?။
ဒီအတွေးတွေက "BigBag" ရဲ့ "စိတ်အနာ" ဆိုတဲ့သီချင်း နားထောင်မိတိုင်း ခေါင်းထဲရောက်ရောက်လာသည်။
ဘာနဲ့မှကုစားမရပါ လေနှင်ရာခြေဦးတည့်ရာ
အတိတ်မှာအောင်ပွဲဆိုတာ မရှိခဲ့ပါ
ကျရှုံးခြင်း သူငယ်ချင်းများသာ ငါနဲ့အမြဲအတူရှိတတ်တာ
ဗလာဘ၀မို့ တန်ဖိုးမဲ့နေပြီလား
တစ်နေ့နေ့မှာတစ်နေရာစာ ငါရနိုင်မလား
ရင်ခုန်ခြင်းနဲ့ ဒီဘ၀တမ်းတရင်းငါ
အကြိမ်ကြိမ်လွှတ်ချခဲ့ဖူးတဲ့ အိပ်မက်များ စိတ်ကူးချိတ်မှာ
တစ်စုံတစ်ရာလာငြိနေမလား ငါစောင့်စားခဲ့
အချိန်များ ပြန်ရလိုက်တဲ့အရာ...ဒီစိတ်အနာ
ငါ့ဘ၀ဟာ ချုပ်ရိုးပြတ်ခါအနာဂတ်အပျက်
အချိန်ဇယားအတိုင်းသာ ပုံမှန်ငါလည်ပတ်ဆဲပါ
ဖိတ်စာဒုက္ခဆီက ရောက်ရောက်လာ ငါကြိုးစားတာ
မထူးတော့ပါ မမှီတဲ့အသီးကို မခူးတော့ပါ
သုည တစ်လီ သုည
သုည နှစ်လီ သုည
သုည ငါးလီ သုည
ဘာနဲ့မြှောက်မြှောက် သုည သုည...
ဒီသီချင်းလေးက ထွက်တာမကြာသေးဟု ထင်မိသည်။ စာသါးတွေကို ကြိုက်လွန်းလို့ www.lyric.pikay.org မှ
ကူးပီး တင်ပါတယ်။ တေးရေးက ဟန်ထူးလွင် လို့သိရ ပြီး 5 x 2 = 1 ဆိုတဲ့ စီးရီးကပါ။
သီချင်း Download လုပ်ချင်ရင်တော့ www.mp3.mmblogs.net မှာရှိပါတယ်။








Maria with her trophy. She was the second best in 2007 but this year she made it . Good luck for remaining three Grand Slams ,Maria.

